အပိုင်း ( ၂ )
   အမေရိကန်က ကမ္ဘာပေါ်ရှိ တယ်လီဖုန်းလိုင်း၊ အင်တာနက်ကွန်ရက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတိုင်းနဲ့ ရေဒီယို System တိုင်းကိုတစ်ချက်တည်း ချေမှုန်းပစ်နိုင်မယ့် နည်းပညာကို စူးစမ်းရှာဖွေနေဆဲဖြစ်တယ်။
 ကမ္ဘာတခွင်မှာ အစိုးရပိုင် Wesite တွေ၊ စာကြည့်တိုက်တွေနဲ့ တက္ကသိုလ်တွေရှိ ကမ္ဘာ့ကွန်ပျူတာ ကွန်ရက်ကြီးဖြစ်တဲ့ အင်တာနက်ဟာ စစ်ဘက်ဆိုင်ရာလေ့လာရေးသုတေသီတွေအတွက် အလွန်အဖိုးတန် တဲ့လက်နက်ကိရိယာ ကောင်းတစ်ခုဖြစ်တယ်။ အင်တာနက် User တွေဟာ အလွန်ဝေးကွာတဲ့ အရပ်ဒေသရှိပြတိုက်တွေနဲ့ စစ်ဘက်ဆိုင်ရာအကယ်ဒမစ် ဌာနတွေကို အလည်အပတ်သွားရောက်နိုင်တယ်။ 
တစ်နည်းအားဖြသ့် ၀င်ရောက်ကြည့်ရှု မွှေနှောက် နိုင်တယ်။ တစ်ကမ္ဘာလုံးရှိ စာကြည့်တိုက်ပေါင်းများစွာမှာ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေနဲ့ အသံသွင်းမှတ်တမ်းတွေရယူနိုင်ကြတယ်။ မဂ္ဂနာချာတာကဲ့သို့သော
 သမိုင်းဆိုင်ရာ စာရွက်စာတမ်းတွေကို ရယူလေ့လာနိုင်တယ်။ စစ်ဘက်ဆိုင်ရာကို အဓိက အသားပေးဖော်ပြနိုင်သည့် 60PHER ပေါင်းများစွာကို အင်တာနက်ထဲမှာတွေ့ရတယ်။ အများစုကတော့ စစ်ဘက်ဆိုင်ရာ အကယ်ဒမီတွေမှာ တည်ရှိနေကြတယ်။ သြစတြေးလျ ကာကွယ်ရေးတပ် အကယ်ဒမီ၊ နေတိုး၊ အမေရိကန်စစ်အကယ်ဒမီ၊ ဗာဂျီးနီးယားစစ်တက္ကသိုလ်တွေ အပါအ၀င် စစ်အကယ်ဒမီအများ အပြားတည်ရှိနေတယ်။
    အင်တာနက် User တွေဟာ အဲဒီ 60PHER တွေကို နည်း(၃)နည်းဖြင့် Access ပြုလုပ်နိုင်တယ်။ TELNET Command ကိုအသုံးပြုပြီး ပထ၀ီပညာအရဖြစ်စေ ဘာသာရပ်အလိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ Access ပြုလုပ်နိုင်ခြင်းဖြစ်တယ်။ Top-level gopler menu ကို access ပြုလုပ်ပြီး တိုက်၊ နိုင်ငံနဲ့ ဒေသတွေကိုရွေးချယ်ရှာဖွေခြင်းကို ပထ၀ီပညာအရ ချဉ်းကပ်ခြင်းလို့ဆိုလိုပါတယ်။ ဘာသာရပ်အလိုက်လေ့လာပြီး စစ်ပညာဘာသာရပ်ထဲမှ ရွေးချယ် ရှာဖွေနိုင်တယ်။ သီးသန့် Website တွေကို သိရှိတဲ့ User များကမူ telnet command ပေးပြီး တိုက်ရိုက် access ပြုလုပ်လို့လည်းရတယ်။
    အင်တာနက်ကို စစ်ဘက်ဆိုင်ရာ လက်နက်ကြီးသဖွယ်အသုံးပြုဖို့ အားထုတ်နေကိုတော့ ယုံမှားသဖွယ်မရှိ ဘူး၊ အထူးသဖြင့် အကြမ်းဖက်တွေ့ရဲ့ အင်တာနက်စစ်မျက်နှာဖွင့်လာခြင်းကို တုံ့ပြန်ရေးနဲ့ မိမိအကျိုးစီပွား ကာကွယ်ရေးအတွက် အင်တာနက်ကို အသုံးချနေကြတယ်။ အမေရိကန်မှ စွပ်စွဲချက်ကို တုံ့ပြန်ငြင်းပယ်တဲ့ တရုတ်နည်းပညာရှင်တွေ့ရဲ့ ကြေညာချက်တစ်ခုထွက်ပေါ်လာတယ်။ ပင်တဂွန်က ထုတ်ပြန်တဲ့ အစီရင်ခံစာစောင်မှာ တရုတ်ပြည်ရဲ့ ဆိုက်ဘာစစ်ဆင်ရေး စွမ်းရည်တိုးမြင့်နေကြောင်း ဖော်ပြထားတာကိုတုံ့ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ဆိုက်ဘာတိုက်ခိုက်ရေးအင်အား တိုးတက်ဖွံ့ဖြိုးရေးအတွက် စီမံဆောင်ရွက်မူလုံးဝမရှိကြောင်းနဲ့ ဆိုက်ဘာကျူကျော်ရေး အဖွဲ့အစည်းလည်း လုံးဝမရှိကြောင်း တရုတ်အင်တာနက်အဖွဲ( ISC ) ရဲ့ဥက္ကဌ “ဟူကွိုင်လင်း”က တရုတ် အင်တာနက်ကွန်ဖရင့်တွင် ထုတ်ဖော် ပြောကြားခဲ့တယ်။
    အမေရိကန်ကာကွယ်ရေးဌာနမှ အောက်လွတ်တော်သို့ တင်သွင်းတဲ့ အစီရင်ခံစာမှာ တရုတ်ပြည်က ဒေသ တွင်းတစ်ခုလုံးကို ဗိုလ်ကျလွှမ်းမိုးရေးအတွက် ဆိုက်ဘာစစ်ဆင်ရေးစွမ်းရည် မြှင့်တင်နေကြောင်း ထွက်ပေါ်လာပြီး နောက် တရုတ်နည်းပညာရှင်တွေက ပြန်လည်ချေပခဲ့ခြင်းဖြစ်ကြောင်း သိရှိရတယ်။တစ်ကမ္ဘာလုံးရှိ အကဲခတ်တင်ပြချက်တွေရဲ့ ၂၅ရာခိုင်နှုန်းသဘောထားအမြင်တွေနဲ့ အမေရိကန်လုံခြုံရေးဌာန Symantec ရဲ့အစီရင်ခံစာတစ်စောင် အရ ၂၀၀၈ ခုနှစ်အတွင်း ဆိုက်ဘာတိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးနိုင်ငံမှာ အမေရိကန်ဖြစ်ကြောင်းသတ်မှတ်ခံရ တယ်။ ၂၀၀၉ ခုနှစ်က တရုတ်နိုင်ငံရှိ အင်တာနက် Protocol address ပေါင်း ၁သန်းကျော်ဟာ ပြည်ပ hacker တွေ ရဲ့တိုက်ခိုက်ခံရကြောင်းနဲ့ တရုတ်နိုင်ငံရှိ website ပေါင်း ၄၂၀၀၀ ကို တိုက်ခိုက်ခံရကြောင်း ISC ကတင်ပြခဲ့တယ်။ ဒါအပြင် အမေရိကန်နိုင်ငံရဲ့အင်တာနက်နည်းပညာစွမ်းအင်ကို ဘယ်နိုင်ငံကမှ တုပယှဉ်ပြိုင်နိုင်စွမ်းမရှိသေးကြောင်း ကိုလည်းဖော်ပြခဲ့တယ်။ အမေရိကန်ဟာ ခေတ်အမီဆုံး အင်တာနက်နည်းပညာနဲ့ အင်တာနက်ကိရိယာတွေပိုင်ဆိုင် ထားတာကြောင့် တရုတ်နိုင်ငံရဲ့ ဆိုက်ဘာစစ်ဆင်ရေး ကို အလေးထားဖွယ် မရှိသေးတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ အမေရိကန်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဆိုက်ဘာ စစ်ဆင်ရေး စွမ်းရည်မြင့်တင်ရေး လုပ်ငန်းအပေါ် အောက်လွတ်တော်မှ ထောက်ခံမူရအောင် လေသံပစ်ပုံရကြောင်း 
အကဲခတ်အချို့က ယူဆကြတယ်။
Monday, October 4, 2010
Subscribe to:
Post Comments (Atom)
 




 RSS Feed (xml)
 RSS Feed (xml)
 




No comments:
Post a Comment