အပိုင်း ( ၃ )
                ဘာပဲဖြစ်ဖြစ် စစ်ရေးလေ့လာအကဲခတ်တဲ့ ပညာရှင်တွေဟာစစ်ဘက်ဆိုင်ရာ သုတေသနလုပ်ငန်းတွေနဲ့လက်ရှိစစ်ဆေးစွမ်းရည်တို့ကို သိရှိဖို့အတွက်အင်တာနက်မှတစ်ဆင့်ရယူနိုင်တယ်၊အီးမေးလ်နဲ့အတူစာတမ်း
တွေကိုမိနစ်ပိုင်းအတွင်းပေးပို့ဖလှယ်နိုင်တာကြောင့် ပညာရှင်တွေဟာ လူချင်းတွေ့ဆုံစရာမလိုဘဲ စစ်ရေးအမြင်တင်ပြတဲ့စာတမ်းတွေနဲ့စာအုပ်တွေကို အလွယ်တကူစုပေါင်းရေးသားနိုင်တယ်။ ဒါပေမဲ့ အီးမေးလ်လုံခြံရေးကို လုံးဝအာမခံနိုင်စွမ်းမရှိတာကြောင့် သူတို့ရဲ့လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းဖို့တော့ လိုအပ်လိမ့်မယ်။ အင်တာနက်မှတစ်ဆင့်သမိုင်းဆိုင်ရာအချက်အလက်ပေါင်းများစွာကို စုဆောင်းထားနိုင်ပြီးဖြစ်တယ်။Userတွေဟာသမိုင်းဆိုင်ရာ
စာရွက်စာတမ်းနဲ့ စာချူပ်တွေကို ရယူနိုင်တယ်။ Queems Public စာကြည့်တိုက်နဲ့ မစ္စစ္စပီပြည်နယ် တက္ကသိုလ်တို့မှ စုဆောင်းထားတဲ့ သမိုင်းအချက်အလက်တွေကိုလည်း ရယူနိုင်တယ်။လက်ရှိအနေအထားအရမစ္စစ္စပီပြည်နယ်တက္ကသိုလ်ဟာ စစ်သမိုင်းအချက်အလက် အကြွယ်ဝဆုံးဖြစ်ဖွယ်ရာရှိတယ်။ ၁၉ရာစုစစ်ပွဲတွေ၊၂၀ရာစုစစ်ပွဲတွေ၊အာဖရိကအမေရိကန်စစ်ပွဲတွေ၊ပင်လယ်ကွေ့စစ်ပွဲတွေ၊ကမ္ဘာအရပ်ရပ်ရှိ တော်လှန်ရေးစစ်ပွဲတွေ၊ဗီယက်နမ်စစ်ပွဲ၊ပထမကမ္ဘာစစ်ပွဲ၊ ဒုတိယာကမ္ဘာစစ်ပွဲ တို့ အပြင် စစ်ဘက်ဆိုင်ရာ အတ္ထုပ္ပတ္တိတွေနဲ့ ရှုမြင်သုံးသပ်ချက်တွေကို ကဏ္ဍအလိုက်ရွေးချယ်လေ့လာနိုင်တယ်။
                 စစ်ဘက်ဆိုင်ရာ သီးခြားခေါင်းစဉ်အလိုက် အီလက်ထရောနစ်နည်းပညာအသုံးပြု တွေဆုံဆွေးနွေးရေးအုပ်စု တွေအဖြစ် USENET အုပ်စုတွေတည်ရှိနေတယ်။အခြားသူတွေရဲ့ တင်ပြချက်အပေါ်အပြန်အလှန်ငြင်းခုန်ဆွေးနွေးနိုင်တဲ့အပြင် သာမန်ဖတ်ရှုလေ့လာသွူေကလည်း ပါဝင်လေ့လာနိုင်တယ်။ အမေရိကန်တက္ကသိုလ် အများအပြားရှိ Campus-wide Informatiom Systems ( CWIS ) မှUSENET အုပ်စုတွေရဲ့တင်ပြချက်တွေကိုဖတ်ရှုနိုင်အောင် ဆောင်ရွက်ပေးတဲ့ သတင်းဖတ်ရှုလေ့လာရေး ၀န်ဆောင်မူလုပ်ငန်းတွေရှိတယ်။ 60PHER ကွန်ရက်ကို access ပြုလုပ်သူ မှန်သမျှ USENET access ကိုဆက်သွယ်နိုင်စေမယ့် 60PHER site များစွာ ရှိတယ်။ မီချီဂန်ပြည်နယ် 60PHER နဲ့ အင်္ဂလန်နိုင်ငံ မှ BUBL 60PHER တို့ကိုအထင်ရှားဆုံးတွေ့ရှိနီုင်တယ်။
                  USENET အုပ်စုတွေဟာ အံသြဖွယ်ကောင်းလောက်အောင် အစွမ်းထက်တယ်။ဒါပေမဲ့ အလားတူအရည်အချင်းပြည့်မီတဲ့ အုပ်စုတွေလည်း ရှိသေးတယ်။ LISTSERV အုပ်စုတွေဟာ USENET အုပ်စုတွေနဲ့တန်းတူအရည်အချင်းရှိတယ်။ ကမ္ဘာပေါ်မှာ  ကြည်း၊ ရေ၊ လေ စစ်ပွဲတွေနဲ့ ပတ်သတ်ပြီး LISTSERV အုပ်စုထဲမှာ AEROSP-L, CONSIM-L, PISARM-L, H-WAR, MARINE-L, MILHST-L, WWII-L နဲ့ VWAR-L တို့လည်းပါဝင်ကြတယ်။
                  မည်သို့ပင်ဖြစ်စေ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ သာမကဘဲ အယ်လ်ကိုင်ဒါးကဲ့သို့သော အကြမ်းဖက်အဖွဲ့တွေကလည်း အင်တာနက်ဆိုက်ဘာ စစ်ပွဲမျက်နှာစာသို့ ရှေ့  ရှုဝင်ရောက်လာချင်းကို ၀မ်းနည်းဖွယ်တွေမြင်နေရတယ်။ ဒါကြောင့်လည်း ၂၁ရာစုရဲ့  အကျော်အမော် ရူပဗေဒပညာရှင် ဂျွန်ဟော့ကင်းက လာမယ့်နှစ် ၁၆၀အတွင်းကမ္ဘာပျက်ကိန်းဆိုက်ရောက်နိုင်ကြောင်းသတိပေးခဲ့ပုံရတယ်။
                  အမှန်တကယ်တော့ အင်တာနက်ဆိုတာ လူသားအပါအ၀င် သတ္တ၀ါတွေရဲ့ မှီခိုအားထားရာ ကမ္ဘာမြေကိုကြင်နာရမယ့် နည်းပညာထုတ်ကုန်တစ်ခု ဖြစ်သင့်တယ်။ ဒါကြောင့် ဆိုက်ဘာစစ်ပွဲတွေကို ချွန်းအုပ်နိုင်မယ့် ဥာဏ်ပညာအလင်းတံခါးကို ပထမဆုံးဖွင့်လှစ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
                                                                                                                                                                                                             
    ခင်မောင်ဇော်
Monday, October 4, 2010
Subscribe to:
Post Comments (Atom)
 




 RSS Feed (xml)
 RSS Feed (xml)
 




No comments:
Post a Comment