Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 4, 2010

အင်တာနက် နဲ့ ဆိုက်ဘာစစ်ပွဲ အပိုင်း ၁

အပိုင်း ( ၁ )


အင်တာနက်ကို အလွန့်အလွန်အရေးပါသည့် စစ်ဘက်ဆိုင်ရာ နယ်ပယ်တွေမှာလည်း အသုံးပြုကြတယ်။ DAQ system ကဲ့သို့သော ProParel ကွန်ပျူတာ၊ Displayနဲ့ မော်နီတာ နည်းပညာတွေ အပေါ်အမှီ သဟဲပြု ဆောင်ရွက်ခြင်း ဖြစ်တယ်။ Azonix က အမေရိကန် စစ်ဘက်သုံး PC, Touch Screen မော်နီတာ၊မိုဘိုင်းကိရိယာနဲ့ Laptop ကွန်ပျူတာ System တွေအတွက် ပံ့ပိုးပေးတယ်။ ကြားဝင် ဖျက်ဆီးမူတွေကို ဖော်ထုတ်နိုင်ကြောင်း နယ်ပယ် အများစုမှာ စမ်းသပ်စစ်ဆေးပြီးဖြစ်တဲ့ Grade A ကွန်ပျူတာတွေကိုလည်း တပ်ဆင်ထားတယ်။
အမေရိကန်စစ်ဘက်က အီလက်ထရွန်နစ်စစ်ပွဲ တစ်ရပ်ဆင်နွဲရေးကို လေ့လာဆည်းပူးနေတယ်။မီဒီယာ အသစ်တစ်ခုမှတဆင့် ကွန်ပျူတာ ကွန်ရက်တိုက်ခိုက်ရေး၊ လက်နက်ပုံစံ ဒီဇိုင်းဆင်ရေး အပေါ် လူထုအာရုံ စူးစိုက်လာအောင် ဖန်တီးခြင်းဖြင့် စတင် အကောင်အထည်ဖော်ခဲ့တယ်။ အမေရိကန်စစ်ဘက်မှ အင်တာနက်ထိန်းချူပ် ကွပ်ကဲရေးစီမံကိန်းတစ်ခု ချမှတ်ခဲ့ပါတယ်။ လက်ရှိလျှပ်စစ်သံလိုက်ရောင်စဉ်တန်းအများစု ထိန်းချူပ်ရေးအတွက် နည်းလမ်းများကို အမေရိကန်နိုင်ငံမှ ရှာဖွေသိမ်းပိုက်ထားသင့်ကြောင်းတင်ပြမူတွေရှိခဲပါတယ်။ တစ်ကမ္ဘာလုံးမှ ထွက်ပေါ်နေတဲ့ လက်နက်တွေရဲ့ ရောင်စဉ်တန်းအားလုံးကို နှောင့်ယှက်နိုင်ကြောင်း ဒါမှမဟုတ် ဖျက်ဆီးချေမှုန်းနိုင်ကြောင်း ထုတ်ဖော်တင်ပြခဲ့တယ်။
အမေရိကန်စစ်ဘက်မှ အင်တာနက် ထိန်းချူပ်ရေး စီမံကိန်းတွေရဲ့ စိုးမိုးဖွယ် အခြေအနေတွေကို ထုတ်ဖော်တင်ပြကြတယ်။ အမေရိကန် စစ်ဘက်မှတင်သွင်းတဲ့ စာတမ်းတစ်ခုမှာ အင်တာနက်ကို ရန်သူရဲ့ လက်နက်ကိရိယာ အသုံးပြု System အဖြစ် ရှုမြင်သုံးသပ်မယ်လို့ ဖော်ပြထားတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး(ဟောင်း) ဒေါ်နယ်ရန်းစဖဲလ်ဒ်ရဲ့ အီလက်ထရောနစ် စစ်ပွဲတွေကို ထိန်းချူပ်ဆောင်ရွက်မယ့် သဘောပါပဲ။ သတင်းအချက်အလက် ရယူနိုင်စွမ်းဟာ စစ်အောင်နိုင်ရေးအတွက် အဓိကကျကြောင်းကိုလည်း ဖော်ပြထားတယ်။ ဒါကြောင့် ကွန်ပျူတာနဲ့ အဝေးပြေး ဆက်သွယ်မူတို့ရဲ့ ကွန်ရက်တွေကို စစ်ပွဲအနိုင်အရှုံးကို ဖန်တီးဖို့အခရာကျတယ်၊ စစ်ဘက်မှ ရယူတင်ပြမယ့် သတင်းအချက်အလက်တွေဟာ အမေရိကန်ပြည်သူတွေရဲ့ ကွန်ပျူတာနဲ့ ရုပ်မြင်သံကြား Screen တွေပေါ်မှာ တွေ့မြင်နိုင်အောင် ဖန်တီးခြင်းလို့ဆိုတယ်။ လူထုဆက်ဆံရေးနည်းနာနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတို့ အပါအ၀င် ပြည်ပ ပရိတ်သတ်တွေအတွက် ရည်ရွယ်တဲ့ သတင်းအချက်အလက်တွေကို အမေရိကန် လူထုမှ တဖြည်းဖြည်း တိုးတက်မြင်တွေ့ခွင့် ရှိလာလိမ့်မယ်။
အမေရိကန်လူထုအတွင်း ပိုမိုကျယ်ပြန့်စွာတင်ပြလိုတဲ့စိတ်ဓာတ်စစ်ဆင်ရေး message တွေကို တပ်ဆင့်ထုတ်လွှင့်ပေးလိမ့်မယ်။ အမေရိကန်စစ်ဘက်မှာ သတင်းအချက်အလက်ထုတ်လွင့်ရေး ဆောင်ရွက်မှုတွေကို ပြည်သူလူထုက သတိပြုမိပြီး တစစသိရှိလာကြတယ်။
ပင်တဂွန်က အီရတ်သတင်းစာတွေထဲမှဇာတ်လမ်းရာချီပြီး ထုတ်ဖော်တင်ပြရေးအတွက် LincoinGroup ကို ငှားရမ်းခဲ့တယ်။ ဒီဇာတ်လမ်းတွေကို အခြေခံပြီး အမေရိကန်စစ်ဘက်မှပုဂ္ဂိုလ်တွေက အမေရိကန်ပေါ်လစီအတွက် ကျောထောက်နောက်ခံ ဖြစ်လာအောင် ရေးသားခဲကြတယ်၊ ပင်တဂွန်ရဲ့ သတင်းအချက်အလက် ထုတ်လွှင့် စစ်ဆင်ရေးကိုတိုးချဲ့လာတာအမှန်ပါပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရတဲ့ အကြောင်းအရင်းတွေကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူး။ ပင်တရွန်ရဲ့ သတင်းအချက်အလက်ထုတ်လွှင့်စစ်ဆင်ရေးလမ်းပြမြေပုံရဲ့ ဂုဏ်သိက္ခာကိုတော့ တစ်စုံတစ်ရာလွှမ်းမိုးနိုင်ခံတယ်။ အမေ၇ိကန်ရဲ့ မဟာဗျူဟာမြောက်ရည်ရွယ်ချက်တွေကို ကျားကန်ပေးမယ့် ကမ္ဘာလုံးဆိုင်ရာ Wetsite တစ်ခုကိုတည်ဆောက်လာနိုင်စေတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ အင်တာနက်ကွန်ရက်တွေဟာ ရန်သူတွေကို တိုက်ခိုက်နိုင်စွမ်းမြင့်မားပေမယ့် သူထက်သူလူစွမ်းကောင်းတွေ ပေါ်ထွက်လာနိုင်ချေကလည်း မြန်သထက်မြန်လာနိုင်ဖွယ်ရှိကြောင်း သုတေသီတွေက သတိပေးထားတယ်။

No comments:

Post a Comment