Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Wednesday, September 21, 2011

ATA ,IDE,EIDE အကြောင်း




ATA ဆိုတာ Advanced Technology Attachment ရဲ့ အတိုကောက်ဖြစ်ပါတယ်..သူက နည်းပညာ ရဲ့  standard တစ်ခု ဖြစ်ပါတယ် ဘယ်လိုမျိုး standard လဲဆိုတော့ hard disk နဲ့  motherboard အကြား Data တွေကို သယ်ဆောင်ပေးဖို့ အတွက်ပြုလုပ် ထားတဲ့ ribbon cable ရဲ့  standard ပေါ့..၂၀ ရာစု မှာပေါ်ခဲ့ကြတဲ့ hard disk တွေဟာ motherboard နဲ့ ဆက်သွယ်ဖို့  အတွက် data bus လမ်းကြောင်းကို IDE cable ကိုအသုံးပြုခဲ့ကြပါတယ်.. စစချင်း ထုတ်တုန်းကတော့ hard disk နဲ့ ချိတ်ဆက်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းမှာ CDROM,DVD ROM , SCSI device တွေကိုပါ တွဲသုံးဖို့ ဖြစ်လာပါတယ်..ATA packet interface အဖြစ်အသုံးပြုသောကြာင့် ATAPI လို့ လည်းခေါ်ပါတယ်..


IDE - Integrated Drive Electronics(ATA-1)
IDE ဆိုတာ Integrated Drive Electronic ရဲ့ အတိုကောက်ဖြစ်ပါတယ်..1994 ခုနှစ်က ထုတ်လုပ်ပါတယ် ATA ထဲမှာတော့အစောဆုံး နည်းပညာဖြစ်ပါတယ်..ATA-1 လို့  လည်း ခေါ်ပါတယ်..ATA-1 မှာအသုံးပြုတဲ့ transfer modeက PIO mode ဖြစ်ပြီး mode 0 နဲ့  mode 1 ကို support လုပ်ပါတယ်.. တစ်စက္ကန့်  မှာသယ်ဆောင် နိုင်တဲ့ transfer rate က 8Mbps(million bit per second) ဖြစ်ပါတယ်..
EIDE - Enhanced IDE(ATA-2)
1996 ခုနှစ်ကျတော့ Enhanced IDE ဆိုပြီးပေါ်လာပါတယ် EIDE Enhanced IDE ကို ATA-2 လို့ ခေါ်သလို fast ATA လို့ လည်းခေါ်ပါသေးတယ်..16Mbps ထိ transfer rate လုပ်နိုင် ပါတယ်..IDE မှာတုန်းက PIO mode နဲ့ run နေတာ mode 0 mode 1 သာ support လုပ်ပြီး EIDE မှာတော့ PIO mode 3 mode 4 ကို support လုပ်ပါတယ် PIO mode (Programable Input Output)က data တွေကို သယ်ဆောင်တဲ့ အခါ transfer rate လုပ်တဲ့ နည်းပညာ ဖြစ်ပါ တယ်..
ATA-3
1997 မှာ ATA-3 ကိုထုတ်ပါတယ် သူ့ မှာ ဘာပြောင်းလဲလာသလဲဆိုတော့ Improved Reliability , SMART နဲ့  security feature တွေပါဝင်လာပါတယ်…

ATA-4
1988 မှာ ATA-4 ကို ထုတ်လုပ်ပါတယ်…PIO mode အစား Ultra ATA/33 ကိုသုံးစွဲလာပါတယ်… Ultra DMA လို့ လည်းခေါ်ပါတယ်..33Mbps ထိ transfer လုပ်နိုင်ပါတယ်..နောက်သူ့ ကို ATAPI 4 လို့ လည်းခေါ်ပါတယ်..

ATA-5
ATA-5 ကို 2000 ခုနှစ်မှာ ထုတ်လိုက်ပြီး၎င်းကို Ultra ATA/66 လို့ လဲခေါ်တယ် 66Mbps အထိ transfer လုပ်နိုင်ပါတယ်..ယခင်က ribbon cable ကြိုးကို 40wire သုံးစွဲရာကနေ 80 wire သုံးစွဲလာပါတယ် ဒီလို 80 wire သုံးစွဲခြင်းအားဖြင့် crosstalk ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်..
ATA-6
2001 ခုနှစ်မှာ Ultra ATA-100 ထုတ်လုပ်ပြီး transfer speeds ကတော့ 100Mbps ထိုရလာပါတယ်..

ATA-7
2002 မှာ ATA-7 ကိုထုတ်ပါတယ် သူ့ ကို Ultra ATA-133 လို့ ခေါ်ပါတယ် data transfer speed က 133Mbps ထိရပါတယ်...ATA-7 ဟာ ATA-6 ကို backward compatable ဖြစ်ပါတယ်.. မကြာမှီမှာပဲ SATA ကို 2002 ခုနှစ်ကုန်ပိုင်းမှာထုတ်လာတဲ့အတွက် ရှေ့ ကထုတ်ခဲ့တဲ့ Ultra ATA-100 တို့  Ultra ATA-133 တို့ ကို PATA လို့ ခေါ်ခဲ့ကြပါတယ်…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ EIDE drive ကို IDE drive လို့ အလွယ် ခေါ်ကြသလို PATA Drive လို့ လည်းခေါ်ကြပါတယ်..

SATA ဆိုတာ


ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D


SATA ဆိုတာဘာလဲ

Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ


SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..


PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..

Monday, December 20, 2010

အင်တာနက်အသုံးပြုဖို့ရာ ကိုယ့် ကွန်ပျူတာ လုံခြုံစိတ်ချနိုင်ရဲ့လား

ဒါလေးတစ်ခုတွေးကြည့်ပါ။ Antivirus Program တစ်ခုတည်းဖြင့် သင့်ကွန်ပျူတာကို မကောင်းဆိုးဝါး အနှောက်အယှက်များရန်မှ ကာကွယ်ဖို့ လုံလောက်ပါသလား

အင်တာနက်မှာ ရှိနေတာက ဗိုင်းရပ်စ်တစ်မျိုးတည်းမဟုတ်ပါဘူး။ မကြာခင်နှစ်များအတွင်းမှာပဲ အနှောက်အယှက်ပေးနိုင်သော အရာများတွင် spyware, adware, hacking, identity theft, information theft, pop-ups အစရှိတာတွေပါဝင်လာပါတယ်။

အခြေခံကစပြီး စဉ်းစားကြည့်ကြပါစို့။ ကျနော်တို့ရဲ့ အိမ်၊ ကား၊ ဘဏ်အကောင့် အစရှိတာတွေကို လုံခြုံစိတ်ချ အောင်ကာကွယ်ဖို့လိုသလိုပဲ ကွန်ပျူတာများကို လုံခြုံအောင်ကာကွယ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ မသိတဲ့ သူစိမ်းတစ်ယောက်ကို ကားသော့၊ အိမ်သော့၊ ဘဏ်အကောင့်နံပတ်တွေပေးမှာမဟုတ်တာ သေချာပါတယ်။ တကယ်လို့ သင့်ကွန်ပျူတာကို အကာအကွယ်လုပ်မထားဘူးဆိုရင် သူစိမ်းတွေကို ဖွင့်ဖို့ သော့ပေးတာနဲ့တူပြီး သူတို့ဟာ သင့်ကွန်ပျူတာကို အပြည့်အဝထိန်းချုပ်အသုံးပြုခွင့်ရသွားနိုင်ပါတယ်။ တစ်စုံတစ်ယောက်မှာသာ သော့ရှိနေမယ်ဆိုရင် ဘယ်နေရာကနေဖြစ်ဖြစ် သင့်ကွန်ပျူတာကို အသုံးပြုနိုင်ပါလိမ့်မယ်။ ငါ့ကွန်ပျူတာက ငါ့အခန်းထဲမှာ၊ တံခါးသော့လည်းခတ်ထားတာပဲ၊ ဘယ်သူက ဝင်သုံးနိုင်မှာလဲ လို့ သင်တွေးနေပါလိမ့်မယ်။ တကယ်တော့ ဒီကနေ့ခေတ်ကာလကြီးမှာ သင်ဟာ ကမ္ဘာရဲ့ ဘယ်နေရာကိုရောက်ရောက် အင်တာနက်ကနေ တဆင့် တစ်စုံတစ်ယောက်ရဲ့ကွန်ပျူတာကို ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ Cable modems နဲ့ DSL တွေပေါ်ပေါက်လာချိန်ကစပြီး ကွန်ပျူတာတွေဟာ အွန်လိုင်းမှာအချိန်ပြည့်ရှိလာနိုင်ပြီး အဝေးတစ်နေရာကနေအလွယ်တကူ အသုံးပြုလာနိုင်ပါတယ်။

ကိုယ့်ကွန်ပျူတာကို ကာကွယ်ဖို့ ဘာကြောင့်လိုအပ်သလဲ၊ အရေးကြီးတဲ့ အချက်အလက်တွေအဲဒီအထဲမှာ သိမ်းမထားပါဘူး လို့ တွေးနေမိပါသလား။ ဒါဆိုရင် အောက်က အချက်လေးတွေကို စဉ်းစားကြည့်လိုက်ပါ။

၁။ အွန်လိုင်းကနေ ဘဏ်နဲ့ငွေကြေးဆိုင်ရာတွေပြုလုပ်ပါသလား။
၂။ အွန်လိုင်းကနေ ဈေးဝယ်ပါသလား။
၃။ Document နဲ့ Spreadsheets တွေပြုလုပ်လေ့ရှိပါသလား။
၎။ တခြားလူတွေကို ကိုယ့်ကွန်ပျူတာ အသုံးပြုခွင့်ပေးထားပါသလား။
၅။ သီချင်းနဲ့ အခြားဖိုင်တွေ ကိုယ့်ကွန်ပျူတာထဲကို ဒေါင်းလုတ်ဆွဲယူပါသလား။

တကယ့်လို့ အဲဒီမေးခွန်းတွေထဲက တစ်ခုခုမှာ လုပ်တယ်လို့ဖြေခဲ့မိရင် သင့်ကွန်ပျူတာဟာ အင်တာနက်အတွင်း အနှောက်အယှက်များဖန်တီးရာ နေရာတစ်ခုဖြစ်နေနိုင်ပါတယ်။ တကယ့်လို အွန်လိုင်းဘဏ်ကိစ္စများဆောင်ရွက် မယ်ဆိုရင် သင်ရဲ့ ကိုယ်ရေးအချက်အလက်များကို ဘဏ်ဆီသို့ အင်တာနက်မှတဆင့်ပေးပို့ရပါလိမ့်မယ်။ ဥပမာ - သင့်ကွန်ပျူတာမှာ စပိုင်ဝဲတိုက်ခိုက်ခြင်းခံထားရပြီး သင့်ဘဏ်အကောင့်နဲ့ပါ့စ်ဝကို ရိုက်လိုက်တယ်ဆိုပါစို့၊ စပိုင်ဝဲဟာ ကီးဘုတ်မှာ ရိုက်ထားသမျှတွေကို မှတ်သားထားပြီး အင်တာနက်ပေါ်က စာမျက်နှာ တစ်ခုခုဆီကို ပေးပို့နေပါလိမ့်မယ်။ ဒါဆိုရင် အဲဒီအင်တာနက်စာမျက်နှာကို ဖန်တီးထားတဲ့လူက သင့်ဘဏ်အကောင့်နဲ့ ပါ့စ်ဝများကို ရရှိသွားပါပြီ။

ဒါ့အပြင်အခြားဥပမာများလဲရှိပါသေးတယ်။ တကယ်လို့ သင်ဟာ အခြားလူများကို ကိုယ့်ကွန်ပျူတာ အသုံးပြုခွင့်ပေးထားခဲ့တယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ တခြားလူတွေက ဆော့ဖ်ဝဲတစ်ခုခုကို ကြိုက်နှစ်သက်လို့ အင်တာနက်ကနေ ဒေါင်းလုတ်ယူပြီး Install လုပ်ခဲ့မယ်ဆိုရင် ဒါဟာ Adware, Spyware or Virus တစ်ခုခုကို Install လုပ်သလိုလဲ ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုရင် အဲဒီဆောဖ့်ဝဲကနေ သင့်ကွန်ပျူတာမှာ အသုံးပြုတဲ့ အချက်အလက်များကို ခိုးယူနိုင်စွမ်းရှိသွားပါပြီ။ ဒီလိုဖြစ်နေတာကို သင်မသိပဲ ပုံမှန်သုံးနေကျအတိုင်း Documents တွေပြုလုပ်မယ်၊ Chatrooms တွေဆီသွားမယ်၊ အွန်လိုင်းကနေ ဘဏ်နဲ့ဆက်သွယ်ပြီး ငွေကြေးဆိုင်ရာတွေဆောင်ရွယ်မယ် ဆိုရင်တော့ သင်အသုံးပြုနေသမျှ အချက်အလက်များအားလုံးဟာ ခိုးယူခြင်းခံနေရပြီဖြစ်ပါလိမ့်မယ်။

ဒါဆိုရင် ဘယ်လိုလုပ်သင့်လဲ ဆိုတဲ့ မေးခွန်းအတွက် အဖိုးတန်အဖြေအချို့အောက်မှာရှိပါတယ်။

၁။ Antispyware ဆောဖ့်ဝဲတစ်ခုခုကို တင်ထားပြီး မှန်ကန်စွာ Configure ပြုလုပ်ထားပါ။ တကယ်လို့ တင်ထားပြီးသားရှိခဲ့မယ်ဆိုရင် အပ်ဒိတ်ဖြစ်မဖြစ်ကို စစ်ဆေးပါ။

၂။ Antiadware ဆောဖ့်ဝဲတစ်ခုခုတင်ထားပြီး မှန်ကန်စွာ Configure ပြုလုပ်ထားပါ။ တကယ်လို့ တင်ထားပြီးသားရှိခဲ့မယ်ဆိုရင် အပ်ဒိတ်ဖြစ်မဖြစ်ကို စစ်ဆေးပါ။

၃။ Antivirus ဆောဖ့်ဝဲတစ်ခုခုတင်ထားပြီး မှန်ကန်စွာ Configure ပြုလုပ်ထားပါ။ တကယ်လို့ တင်ထားပြီးသားရှိခဲ့မယ်ဆိုရင် အပ်ဒိတ်ဖြစ်မဖြစ်ကို စစ်ဆေးပါ။

၎။ Backup ဆောဖ့်ဝဲတစ်ခုခု တင်ထားပါ၊ ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ခုအမှားအယွင်းကြောင့် လိုအပ်တာတွေကို ဖျက်လိုက်မိပြီဆိုရင် ပြန်လည်ဆယ်ယူနိုင်ဖို့ပါ။ System တစ်ခုလုံးကို တစ်ရက်ခြားတစ်ခါ Backup လုပ်ထားသင့်ပါတယ်။

၅။ Encryption ဆောဖ့်ဝဲတစ်ခုတင်ထားပါ။ ဒီဆောဖ့်ဝဲဟာ သင်ရဲ့ Docs, Spreadsheets, Banking file တွေကို လွယ်ကူလျှင်မြန်စွာ Encrypt ပြုလုပ်ပေးနိုင်ဖို့လိုပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သင်ရဲ့ အချက်အလက်များကို ခိုးယူမယ့် အချို့နည်းလမ်းများကို တားဆီးနိုင်ပါလိမ့်မယ်။

၆။ Firewall အသုံးပြုပါ။ Firewall ဟာ ဆောဖ့်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲ ဖြစ်နိုင်ပါတယ်။ သင်အင်တာနက် အသုံးပြုနေစဉ်အတွင် ဟက်ကာများက သင့်ကွန်ပျူအတွင်း ချိုးဖောက်ဝင်ရောက်မှုများကို Firewall က တားဆီးပေးပါလိမ့်မယ်။

လူအများစုမှာ အထက်မှာဖော်ပြခဲ့တဲ့ ဆော့ဖ်ဝဲများရှိသောလဲ မှန်ကန်စွာ Configure လုပ်ထားလေ့မရှိပါဘူ။ Install ပြုလုပ်ထားခြင်းဟာ အဲဒီ ဆောဖ့်ဝဲ မှန်ကန်စွာ အလုပ်လုပ်ဆောင်နေတယ်လို့ မဆိုနိုင်ပါဘူး။ အချို့ဆော့ဖ်ဝဲများမှာ Setting များအား
ပြန်လည်ချိန်ညှိပေးရန်လိုအပ်ပြီး အဲဒီလိုအပ်တာများ ပြောင်းလဲမှသာ အနှောက်အယှက်များရန်မှ ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုမှန်ကန်စွာ ချိန်ညှိရမလဲဆိုတာကို Software များရဲ့ Help မှာသွားရောက်လေ့လာနိုင်ပါတယ်။ ဆော့ဖ်ဝဲအားလုံးဟာ အမြဲတမ်း Update ဖြစ်နေဖို့ လိုအပ်ပါတယ်။ Virus, spyware အသစ်အမျိုးမျိုးဟာ အချိန်နဲ့အမျှ အင်တာနက်မှာ ထွက်ပေါ်လာနိုင်တာ ဖြစ်တဲ့အတွက် ဆောဖ့်ဝဲများဟာ အမြဲ အပ်ဒိတ်ဖြစ်နေပါမှ အဲဒီအနှောက်အယှက်များရန်မှကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကွန်ပျူတာ ပြဿနာတွေ ဘယ်လိုလျှော့ချမလဲ

ကွန်ပျူတာမှာ ပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲ ? ဒါဟာ ကွန်ပျူတာ အသုံးပြုသူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ ကွန်ပျူတာ ပြဿနာတွေကို လျှော့ချနိုင်ဖို့ နည်းလမ်းက ကြိုတင်ပြုပြင်ထိန်းသိမ်းဖို့ပါပဲ။ ဒါဟာ သိပ်ခက်ခဲတဲ့ နည်းပညာတစ်ရပ်မဟုတ်သလို သင်ဟာ IT Professional တစ်ယောက်ဖြစ်နေဖို့လဲ မလိုအပ်ပါဘူး။ ကွန်ပျူတာ အသုံးပြုသူတိုင်း အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာအသုံးပြု မယ်ဆိုရင် ကွန်ပျူတာတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာများကို သိသိသာသာလျှော့ချနိုင်ပါလိမ့်မယ်။


၁။ Antivirus Program ကောင်းကောင်းတစ်ခုကို အသုံးပြုပါ။ ဒါဟာ ကြိုတင်ပြုပြင်ထိန်းသိမ်းခြင်းလမ်းစဉ်မှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ Antivirus Program ကိုတင်ရုံမျှနဲ့ မလုံလောက်သေးပါဘူး။ ဒါတွေကို ဆက်လုပ်ဖို့လိုပါတယ်။ Update မှန်မှန်လုပ်ဖို့လိုပါတယ်။ ပုံမှန် Full system scan လုပ်ဖို့လိုပါတယ်။ Virus Definition နေ့စွဲများကို စစ်ဆေးပြီး အဲဒါတွေဟာ Update to date ဖြစ်နေသလာစစ်ဆေးဖို့လိုပါတယ်။

၂။ Windows Updates များကို ပုံမှန်ဒေါင်းလုတ်လုပ်ပြီး Install ပြုလုပ်ပါ။ Windows updates များမှာ Bugs များကို ပြုပြင်ဖာထေးဖို့ operating system patches များနဲ့အတူ လုံခြုံရေးဆိုင်ရာတိုးမြှင့်မှုများလဲ ပါဝင်လေ့ရှိပါ တယ်။ ဒီ Patches များဟာ ကွန်ပျူတာ ပြဿနာများကို လျှော့ချနိုင်စွမ်းရှိပါတယ်။

၃။ Anti-spyware program တစ်ခုအသုံးပြုပြီး Spyware များရန်မှ ကာကွယ်ပါ။ Anti-virus များလိုပဲ ပုံမှန် Update ပြုလုပ်ပေးဖို့လိုပါတယ်။

၎။ Personal Firewall တစ်ခုအသုံးပြုပါ။ ဒီကနေ့ခေတ် Antivirus program အများစုဟာ Personal Firewall တစ်ခု တွဲလျက်ပါရှိတတ်ပါတယ်။ Personal firewall ဟာ သင့်ကွန်ပျူတာနဲ့ ပြင်ပကမ္ဘာအကြား ကြားခံဆက်သွယ်ပေးမှာဖြစ်ပါတယ်။ သင့်ကွန်ပျူတာကို Hackers and Spyware tools များဘေးရန်မှ ကာကွယ်တားဆီးပေးပါလိမ့်မယ်။

၅။ အင်တာနက်ကနေ ကိုယ်မသိတဲ့ ဆောဖ့်ဝဲများကို ဒေါင်းလုတ်ယူပြီး အသုံးမပြုပါနှင့်။ ဒါဟာ ကွန်ပျူတာ အသုံးပြုသူအများစု ပြုလုပ်လေ့ရှိတဲ့ အမှားကြီးတစ်ခုဖြစ်ပါတယ်။ အချို့ဆော့ဖ်ဝဲများဟာ Registry ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်သလို အခြားပြဿနာများစွာကိုလဲ ဖြစ်စေနိုင်ပါတယ်။

၆။ အသုံးမပြုတော့တဲ့ Program များကို ဖြုတ်ချပစ်ပါ။

၇။ အင်တာနက်မှ သီချင်းဖိုင်များကို ဒေါင်းလုတ်ယူမယ်ဆိုရင်လဲ လုံခြုံစိတ်ချရတဲ့ Website ဟုတ်မဟုတ်ဆိုတာကို အမြဲသတိပြုစစ်ဆေးပါ။

၈။ Hard drive များကို Scan disk ဖြင့်ပုံမှန်စစ်ဆေးပါ

၉။ Temporary Internet files များကို ပုံမှန်ဖျက်ပါ။

ကွန်ပျူတာမှာ Stick မတက် ဘူးဆိုရင်


USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတတတ်ပါတယ်။

ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်း(၃) ခုနဲ့ ဖြေရှင်းကြည့်ပါ

နည်းလမ်း(၁)

- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)

- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။

-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။

နည်းလမ်း(၂)

- နောက်တစ်နည်းကတော့ Run Box မှာdevmgmt.msc ကို ရိုက်ထည့်လိုက်ပါ။

- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)

- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။အဆင်ပြေနိုင်မယ်လို့ တော့မျော်လင့်ရပါတယ်

နည်းလမ်း(၃)

-USB ကြိုး မကောင်းရင် လဲ အဲလို အ၀ါရောင် error message ပြပါတယ်။ အဲလိုမျိုး ဖြစ်တယ်ဆိုရင် အထက်ပါနည်းတွေနဲ့ ကုစားလို့ မရပါ

- စက်တွေမှာဆိုရင် power supply က power မလုံလောက်ရင်လဲ အဲလိုမျိုး error message ဖြစ်ပါတယ်။

-USB ပစ္စည်းတွေ အများကြီးတပ်ထားပီးတဲ့အခါမျိုးမှာ memory stick တပ်လိုက်ရင် အဲလိုမျိုးဖြစ်တတ်ပါတယ်။


-ကြိုးမကောင်းရင် ကြိုးကိုဖြုတ်ပီး stick ကို တိုက်ရိုက်တတ်လိုက်ရင်လဲ ရတတ်ပါတယ်