Open Source ဆိုတဲ့ ဝေါဟာရကို ပိုင်ဆိုင်ဖို့အတွက်၊ Open Source ဆိုတဲ့ Terms ကို လိုချင်ကြသောအသုံးပြုချင်ကြသော အုပ်စုအဖွဲ့အစည်းတွေ အများကြီးပါပဲ။
ဒါပေမယ့် တကယ့်တကယ်မှာကျတော့ Open Source ဆိုတဲ့ Terms မှာ Trademark ပြုလုပ်ထားခြင်း မရှိသော
ပစ္စည်းတွေကိုခေါ်တာ ဖြစ်တယ်။ ဥပမာ ကုန်ပစ္စည်းတစ်ခုဆိုလျင် အဲ့ဒီ ကုန်ပစ္စည်းကို အသုံးပြုရန်အတွက်၎င်းနှင့်သက်ဆိုင်သော Trademark ကုန်ပစ္စည်း အသုံးပြုခွင့်အတွက် ကုန်အမှတ်တံဆိပ် မခတ်နှိပ်ရသေးသောကုန်ပစ္စည်းမျိုး ဖြစ်တယ်။
Open Source ဆိုတဲ့ အဓိပ္ပယ်ကို Open Source Initiative ကနေမှ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီ OpenSource Initiative ရဲ့ Open Source Definition ကို Real Definition အဖြစ် ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုလာကြတာကို တွေ့ရပါတယ်။
Open Source Definition ကို Open Source Initiative က အသုံးပြုတာ ဖြစ်တယ်။ Open Source ဆိုတဲ့Definition ကိဘာအတွက်အသုံးပြုတာလဲဆိုတော့ Software တစ်ခုရဲ့ အသုံးပြုခွင့် License လိုင်စင်ဟာ Open Sourceဟုတ်သလား မဟုတ်ဘူးလားဆိုတာကို သုံးသပ်နိုင်ဖို့အတွက် ဒီ Open Source Definition ဆိုတာကို အသုံးပြုတာဖြစ်တယ်။
ဆိုလိုချင်တာက Open Source ဆိုတဲ့ Definition ကို သိထားမယ်ဆိုလျင် Software တစ်ခုရဲ့ လိုင်စင်ကိုကြည့်ခြင်းအားဖြင့် အဲ့ဒီ Software ဟာ Open Source လား ဘာလားဆိုတာကို သိနိုင်ပါတယ်။ ဒီ Open SourceDefinition ဟာ Bruce Perens က ပထမဆုံး ထုတ်လုပ်ရေးသားလိုက်သော Debian Free Software Guidelines ပေါ်မှာအခြေခံတာ ဖြစ်တယ်။ Perens ဟာ သူ့ရဲ့ Debian Free Software Guidelines ကို Free Software Foundation မှFree Software ရဲ့ Four Freedom ဆိုတဲ့ အချက်လေးချက်ပေါ် မူတည်ပြီးတော့ ရေးသားထားတာ ဖြစ်တယ်။
Perens ရဲ့ Definition အရ Open Source ဆိုတာ Copyright Restriction ကန့်သတ်ချက်တွေကို လျှော့ပေါ့ခြင်းသို့မဟုတ် ကန့်သတ်ချက်တွေ မထားပဲနှင့် အသုံးပြုလိုသူတွေ အသုံးပြုနိုင်ဖို့အတွက် Source Code တွေကိုသတ်မှတ်ပေးထားသော Software License တစ်မျိုးကို ဖော်ပြပေးထားတာ ဖြစ်တယ်။ အဲ့ဒီ Open Source တွေကိုထုတ်ပြန်ဖို့အတွက် အသုံးပြုဖို့အတွက် ဘယ် Trademark၊ ဘယ် မူပိုင်အသုံးပြုခွင့်မှ မလိုအပ်ပါဘူး။
Open Source ရဲ့ အတိအလင်း၊ အတိအကျဖော်ပြပေးထားသော Feature တစ်ခုကတော့ မည်သည့် User ၊ မည်သည့်အဖွဲ့အစည်းကဖြစ်စေ ဒီ Open Source ကို အသုံးပြုခြင်း၊ သို့မဟုတ် ဖြန့်ဝေခြင်းပေါ်မှာ ကန့်သတ်ချက်တွေထားခြင်းမရှိဆိုတဲ့ အချက်တစ်ချက်မှာ အတိအကျကို သတ်မှတ်ထားတာဖြစ်တယ်။
အရင်တုန်းကဆိုရင် Open Source ဆိုတဲ့ Terms ကို Software တစ်ခုရဲ့ Source Code တစ်ခုကို သတ်မှတ်ပေးဖို့အတွက်သာ အသုံးပြုခဲ့ကြတာ ဖြစ်တယ်။ အခုအခါမှာ ဆိုရင်တော့ Open Source ဆိုတာကို တစ်ခြား နယ်ပယ်တွေမှာလည်း အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဥပမာ Open Source Ecology တို့လိုမျိုး ဖြစ်တယ်။
Open Source Software တွေကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ Open Source Software(OSS) Project တွေကိုတော့ Network Programmer တွေက Maintain လုပ်ကြတာ များပါတယ်။ Open SourceProduct တွေကို ဥပမာပြောရရင်တော့ Apache HTTP Server၊ Internet Address System Internet Protocol၊ နှင့်Internet Browser Mozilla Firefox တို့ဟာ Open Source တွေပဲ ဖြစ်တယ်။ နောက်ပြီးတော့ Open Source Productတွေထဲကမှ အခုနောက်ပိုင်း ပိုပြီးတော့လည်း အသုံးပြုများတဲ့၊ အောင်မြင်တဲ့ Software ကတော့ GNU/Linux OperatingSystem ပဲ ဖြစ်တယ်။
ဒါဆိုရင် Open Source ဆိုတာ ဘာလဲလို့ သဘောပေါက်လောက်ပါပြီ။ အခုလောက်နဲ့ပဲ Open Source
အကြောင်းရေးတာကို အဆုံးသတ်လိုက်ပါတယ်။

 RSS Feed (xml)
 RSS Feed (xml)
 
No comments:
Post a Comment