Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, September 23, 2010

Disk Defragment ကို ရှင်းပြခြင်း

Disk Defragment ဆိုတာ System Utility တစ်ခု ဖြစ်ပါတယ်။ ၎င်းက Volume ထဲမှာ ပြန့်ကြဲပြီး တည်ရှိနေတဲ့ Fileတွေ၊ Folder တွေကို တပေါင်းတစည်းတည်း ဖြစ်အောင် စုစည်းပြီး ပြန်လည် နေရာချထားပေးတဲ့ Utility တစ်ခု ဖြစ်ပါတယ်။

File တွေ၊ Folder တွေကို သိမ်းတဲ့အခါမှာ အစီအစဉ်တကျ Hard Disk ထဲမှာ သိမ်းဆည်းသွားတာ မဟုတ်ဘဲ File တွေ၊Folder တွေဟာ ပြန့်ကြဲနေတတ်ပါတယ်။ အဲလို ပြန့်ကြဲနေတဲ့ File တွေ၊ Folder တွေကို စနစ်တကျဖြစ်အောင်ပန်စီချင်တယ်ဆိုလျင်တော့ Disk Defragment Utility ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

Disk Defragment
ကဲအောက်မှာ Defragment ကိုဘယ်လိုအသုံးပြုရသလဲ ဆိုတာ ဖော်ပြပေးထားပါတယ်။



ပုံ ၌မိမိ Defragment ပြုလုပ်ချင်တဲ့ Drive ကိုသွား၍ ၎င်း မှတစ်ဆင့် Properties ကိုသွားပေးပါ။



ပုံ တွင် Tools အောက်က Defragment Now ဆိုတဲ့ Button လေးကို Click နှိပ်ပေးပါ။




Disk Defragmenter ဆိုတဲ့ Console Box ကျလာပါလိမ့်မယ် ဒီနေရာမှာ Analyze နဲ့ Defragment ဆိုတဲ့Button နှစ်ခုကို တွေ့ရပါလိမ့်မယ်။ Analyze သည် Files တွေ Folder တွေကို Defragment Run ဖို့ရန်လိုအပ်သလား၊မလိုအပ်ဘူးလားဆိုတာကို စစ်ဆေးပေးတာပါ။ ဒုတိယ တစ်ခုကတော့ Defragment သည် တစ်ခုတည်းသောDefragment Run ဖို့ရန်အတွက်ဖြစ်ပါတယ်။ ကဲဒီ Defragment ဆိုတဲ့ အကြောင်းအရာကို GUI Modeကနေလည်းသုံးလို့ရသလို Command Line မှလည်း Defrag ဆိုတဲ့ Command ကိုအသုံးပြုပြီး Run နိုင်ပါတယ်။

No comments:

Post a Comment