ချတ်ဆက်မှုဟာအင်မတန် မှများပြားလာပြီး Internet ဆိုတဲ့ ဝေါ်ဟာရကြီးဟာလည်းပေါ်ပေါက်လာပြီဖြစ်ပါတယ်။ အဲဒီ
Internet ဆိုတဲ့ ဝေါ်ဟာရကြီးသည် Inter-Network ဆိုတဲ့စကားစုကနေဆင်းသက်လာတာ ဖြစ်ပါတယ်။ Internetဆိုတဲ့ဝေါ်ဟာရကြီးပေါ်ပေါက်လာတဲ့အချိန်မှာတော့ Internet ချိတ်ဆက်တဲ့ Computer များဟာလည်း
မရေတွက်နိုင်လောက်အောင်များပြားလာပါပြီ။
အဲဒီလိုမျိုး Computer တွေဟာ Internet ကိုအသုံးပြုပြီး ချိတ်ဆက်လာတာနဲ့အမျှ Internet ကို ချိတ်ဆက်တဲ့ InternetConnaction ချိတ်ဆက်မှုနည်းပညာထဲမှာ ADSL လို့ခေါ်တဲ့ Internet Connection ချိတ်ဆက်မှုဟာ ကျွန်တော်တို့မြန်မာပြည်မှာရေပန်းအစားဆုံးဖြစ်နေပါတယ်။ ကဲအဲဒီတော့ .....ကျွန်တော်တို့တွေဟာ ADSL ဆိုတဲ့ InternetConnection ချိတ်ဆက်မှုနည်းပညာကြီးကိုနားလည် သဘောပေါက် ထားသင့်တယ်လို့ထင်ပါတယ်။
ADSL တဲ့............. ADSL ရဲ့အရှည်ကောက်ကိုပြောပြမယ်နော်....( Asymetric Digital Subscriber Line )လို့ခေါ်တယ်။ ခုဆိုရင် ADSL Internet Connection ကြီးကို ကျွန်တော်တို့မြန်မာပြည်မှာရှိကြတဲ့ Internet Cafeဆိုင်တွေတော်တော်များဟာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ADSL ဆိုတဲ့ Internet Connection ကြီး မပေါ်ခင်တုန်းကကျွန်တော်တို့ တတွေဟာ Intennet ကို Phone Line ကနေတစ်ဆင့် Dial-up Connection ကို အသုံးပြုပြီး Internetကို ချိတ်ဆက်ကြရပါတယ်။ အဲဒီ Dial-up Connection ကိုစတင် အသုံးပြုတုန်းကဆိုရင်သူ့ရဲ့ Internet Connectionဟာ အရမ်းကိုနှေးလွန်းလှပါတယ်။ ဒါပေမယ့်............အခုအချိန်မှာတော့ အင်မတန်မှ မြန်နှုန်းမြင့်တဲ့ InternetConnection Line များပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ADSL ဆိုတာကလဲ Internet Connection ကိုချတ်ဆက်တဲ့နေရာမှာ Phone Line ကို
အသုံးပြုပြီးချိတ်ဆက်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ADSL ဆိုတဲ့ Internet Connection အသုံးပြုတဲ့ Phone Line ကတော့Digital Phone Line ပဲဖြစ်ပါတယ်။ ကဲအဲဒီတော့ Phone Line မှာ Digital Phone Line နှင့် Analog PhoneLineရှိတယ်ဆိုတာကို သိထားပါနော် ......ဒီတော့ ADSL Internet Connection နဲ့ Internet ကိုချိတ်ဆက်မယ်ဆိုရင်မိမိဆီမှာရှိတဲ့ Phone Line သည် Digital ..Phone Line ဖြစ်မှသာလျှင်ချိတ်ဆက်လို့ရမယ်ဆိုတာကို မမေ့ပါနဲ့နော်
....ကဲဒီလိုဆိုရင်ကိုယ့်ဆီမှာ ရှိတဲ့ Phone Line က Digital Phone Line တော့မှန်ပါတယ်။ အဲဒီ Digital Phone Lineသည်ဘယ်ကနေလာသလဲ။ သြော် ....... ဒါများ Phone Line ဆိုမှတော့ Phone Exchange ကနေလာတာပေါ့
ကျွန်တော်ပြောချင်တာကလည်း အဲဒီ Phone Exchange ကိုပဲပြောချင်တာပါ။ အဲဒီ Phone Exchange မှာ DSLAMထိုင်ထားရမယ်။
အဲဒီ Phone Exchange မှာ DSLAM ကြိီးရှိမှကျွန်တော်တို့ လိုချင်တဲ့ ADSL Internet Connectionကြီးချိတ်ပေးလို့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ Digital Phone Line နဲ့ အဲဒီ DSLAMဆိုတဲ့အကောင်ကြီးနဲ့သွားချိတ်ထားမှ Internet Connection ကအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဟ........ရှုပ်နေတာပဲDSLAM ဆိုတဲ့အကောင်ကြီးကဘာလဲ ဟ .......ဆက်ရှင်းပါဦး။ ဟုတ်ကဲ့ ကျွန်တော်ဆက်ရှင်းပါ့မယ်ခင်ဗျာ
အဲဒီ DSLAM ကြီးကဘာကိုလုပ်ဆောင်ရတာလဲဆိုရင်.....သူလုပ်ဆောင်ပေးတဲ့ အလုပ်ကိုပြောချင်တာ DSLAM လုပ်ဆောင်ပေးရတာကတော့ Voice(အသံ )နှင့် Data ကိုခွဲထုတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးရတာဗျ။ နောက်ပြီးတော့ အဲဒီ DSLAM ကြီးက ISP နဲ့လည်းတိုက်ရိုက်ချိတ်ဆက်ထားတယ်။ နောက်ပြီး Voice နဲ့ Data ကို သီးသန့်ပြန်ခွဲပေးတော့ ကျွန်တော် တို့တတွေဟာInternet ကိုလည်းသုံးလို့ရ၊ Phone လည်းပြောလို့ရ တပြိုင်တည်း အလုပ် (၂) ခုလုပ်လို့ရသွားတာပေါ့။ ကဲကဲ.......ကျွန်တော်ပြောတာကို ပိုပြီး သဘောပေါက်နားလည်သွားအောင် အောက်မှာဆွဲပြထားတဲ့ ပုံလေးကိုသေချာကြည့်လိုက်ပါဦးနော်။

ကဲ.........ဘယ်လိုလဲဗျ ကျွန်တော်ဆွဲထားတဲ့ပုံကို ကြည့်ပြီးနားလည်းလား ရှုပ်သွားသလား။ကျွန်တော်ဆက်ပြီးရှင်းပြပါ့မယ်။ ပုံမှာပြထားတဲ့ အတိုင်းပေါ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ISP (Internet ServiceProvider) ကြီးက တစ်ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်ကြီးဖြစ်တဲ့ Internet ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ ISPကြီးက ဘာနဲ့သွားပြီးချိတ်ဆက်ထားလဲဆိုရင် PSTN(Public Suitch Telephone Network) လို့ခေါ်တဲ့Telephone Network ကြီးနဲ့ချိတ်ဆက်ထားတယ်။ အဲဒီ PSTN ကွန်ရက်ထဲကပဲ ကျွန်တော် Phone Exchangeတစ်ခုကို ဆွဲထုတ်ပြီးပြထားတယ်။ ၎င်း Phone Exchange ထဲမှာရှိတဲ့ Voice နဲ့ Data ကို ခွဲပေးတဲ့ DSLAMကြိီးသည်လည်း Internet Connection ရသော Line ကြီးနဲ့ ချတ်ဆက်ထားပါတယ်။ ထိုမှတစ်ဆင့် DSLAMကြီးသည် Phone Lineငယ်များကိုတစ်ဆင့်ပြန်ထွက်စေပြီး ADSL Model ဖြင့်ပြန်လည်၍ဆက်သွယ်လိုက်တဲ့
အခါမှာတော့ Internet နှင့် Phone တပြိုင်နက်ထဲ အသုံးပြုလို့ရပြီ ဖြစ်ပါတယ်။
ADSL Model များရဲ့ Internet သုံးပြုနိုင်တဲ့ Speed ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ADSL Model မှာADSL, ADSL 2 နှင့် ADSL 2+ ဆိုပြိီး အမျိုးအစားသုံးမျိုးရှိပါတယ်။ ရိုးရိုး ADSL Model ရဲ့ Download Speedသည် 8 Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ADSL 2 Moden ရဲ့Download Speed သည် 12Mbps Upload speed သည် 1 Mbps ရှိသည်။ ADSL 2+ Moden ရဲ့ Speed Download Speed သည် 24Mbps ၊ Upload Speed သည် 1 Mbps ရှိသည်။ ကဲဒါဆိုရင် ADSL Modem ရဲ့ အမျိုးအစားပေါ်မှုတည်ပြီးလည်းကောင်း တို့ရဲ့ Speed ကွာခြားချက်ကိုနားလည် ပြီလို့ထင်တယ်။









No comments:
Post a Comment