
မက်ဆာချူးဆက်ပြည်နယ် South Hadley မြို့ရှိ ၁၅ နှစ်အရွယ် Phoebe Prince ဟာ ဆိုက်ဘာအကြမ်းဖက်မှုကြောင့် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ကြောင်း ပြည်နယ်တွင်းအာဏာပိုင်များမှ ပြောကြားခဲ့ပါတယ်။
Prince ဟာ လွန်ခဲ့သောနှစ်အတွင်း Ireland မှပြောင်းရွေ့လာခြင်းဖြစ်ပြီး သူမဟာချောမောလှပသောကြောင့် မနာလိုသူတွေများကြောင်း သူမ၏သူငယ်ချင်းမှပြောကြားသွားပါတယ်။ Prince ၏အရင်ဦးဆုံး ကျောင်းနေဘက်သူငယ်ချင်းတစ်ဦးမှ ပြောကြားချက်အရ သူမဟာစိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်ပေမယ့် သူမ၏နာကျင်ခံစားရမှုတွေကိုတော့ ဘယ်တော့မှထုတ်ဖော်မပြောတတ်ကြောင်း သိရှိရပါတယ်။ ယခုကဲ့သို့ သူမသေဆုံးမှုနှင့်ပတ်သက်၍ သူမ၏မိဘများကတော့ ဆိုက်ဘာအကြမ်းဖက်အနိုင်ကျင့်မှုကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မိဘများအနေဖြင့် သားသမီးများ၏အွန်လိုင်းအသုံးပြုမှုကို စောင့်ကြပ်ကြည့်ရှုသင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ထို့ပြင် အွန်လိုင်းရှိဆိုက် ဘာအကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့်မှုများကိုလည်းသတိထားသင့်ပြီး Facebook နှင့် MySpace အသုံးပြုသူကလေးများအား ပိုမိုသတိထားစောင့်ကြည့်သင့်ကြောင်း Prince ၏မိဘများမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
source:mminternetjournal

No comments:
Post a Comment