မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန်ယက်တစ်ခု ဖြစ်လာဖို့အတွက် signal တွေကို အမြန်းဆုံး ရွေ့လျှားစီးဆင်းစေတဲ့ Optical Fiber ကိုသုံးထားတာ ဖြစ်ပါတယ်။ Conventional metallic cable တွေထက် losses နည်းတာကြောင့် data စီးဆင်းမှုကို ပိုမိုမြန်ဆန်စေတာ ဖြစ်ပါတယ်။ Data စီးဆင်းမှု အကွာအဝေးရှည်လျှားလာတာနဲ့ အမျှ copper cable တွေဟာ မြန်နှုန်းကို ကျဆင်းသွားစေပါတယ်။
FTTx ဆိုတာကို ကွန်ယက်တည်ဆောက်ထားပုံ မူတည်ပြီးတော့ FTTN, FTTC, FTTB, FTTH, FTTP,… ဆိုပြီးတော့ ခွဲခြားထားပါတယ်။

FTTN = Fiber to the node
FTTC = Fiber to the curb
FTTB = Fiber to the building or Fiber to the basement
FTTH = Fiber to the home ဆိုတာတွေ ဖြစ်ပါတယ်။
FTTN (Fiber to the node)
ပင်မ data ထုတ်လွှင့်မှုနေရာကနေ user cabinet အထိ ဆက်သွယ်မှု လမ်းကြောင်းမှာ optical fiber ကိုသုံးထားပြီး cabinet ကနေ user တွေဆီကိုတော့ ပုံမှန်သုံးလေ့ရှိတဲ့ coaxial cable (သို့) twisted wire ကို သုံးထားတဲ့ စနစ် ဖြစ်ပါတယ်။ ဘာနဲ့ အလားသဏ္ဌာန် တူသလဲ ဆိုရင်တော့ ရပ်ကွက်ထဲကို လျှပ်စစ်ဓါတ်အား ဖြန့်ဝေရာမှာ သုံးစွဲသူထံ မရောက်မီ ကြားခံ Transformer တစ်လုံး ထိုင်ထားသလိုပေါ့။ FTTN စနစ်မှာ cabinet ကနေ 1500 m ပတ်လည်မှာ ရှိတဲ့ user တွေကို ကွန်ယက် ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ coaxial cable တွေနဲ့ တည်ဆောက်ခဲ့ပြီး မိုင်ပေါင်းများစွာ ရှည်လျှားတဲ့ network တွေမှာ telecommunication လုပ်နိုင်ဖို့ copper cable တွေကို အစားထိုးသုံးစွဲတဲ့ စနစ်တခုဖြစ်တယ် လို့ဆိုပါတယ်။။ ရှိပြီးသား cable network တွေကို စွမ်းဆောင်ရည် ပိုကောင်းလာအောင် Fiber အစားထိုးသုံးစွဲခြင်း လို့ဆိုရမှာပါ။ ဒါပေမယ့် user တွေရဲ့ infrastructure ကို ပြောင်းလည်း ခြင်းမရှိတာကြောင်း bandwidth potential ကတော့ အကန့်အသတ်နဲ့သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။
FTTC ((Fiber to the curb)
FTTN နဲ့ အလားသဏ္ဌာန် တူပါတယ်။ Main Cable က Optical Fiber ဖြစ်ပြီးတော့ user side ကတော့ coaxial cable တွေကိုပဲ သုံးထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် FTTC စနစ်မှာ cabinet ဟာ user တွေနဲ့ ပိုပြီးနီးလားပါတယ်။ cabinet က user တွေစီကနေ 300m ထက်မပိုတဲ့ အကွာအဝေးမှာ ရှိပါတယ်။ FTTN ထက် ပိုပြီးတော့ အချက်အလက် စီးဆင်းမှု မြန်ဆန်လာပါတယ်။
FTTB (Fiber to the building or Fiber to the basement)
Fiber cable ဟာ သုံးစွဲသူနေထိုင်တဲ့ အဆောက်အဦး (ဥပမာ Condo) ထိ ဆက်သွယ်ထားတဲ့ စနစ်ဖြစ်ပါတယ်။ Cabinet ကို အဆောက်အဦးရဲ့ basement မှာ ထားပြီး သုံးစွဲသူထံ ထပ်ဆင့် ဖြန့်ဝေတဲ့စနစ်လို့ ပြောရမှာပါ။ (ဂျာနယ်တစ်ဆောင်မှာ FTTC ကို fiber to the condo လို့ ရှင်းပြထားတာ တွေ့ပါတယ်။ FTTx standard တွေမှာ fiber to the condo လို့ မလေ့လာဖူးတာတော့ အမှန်ပါပဲ၊ ကျွန်တော်မသိတာ ဖြစ်မှာပါ။)
FTTH (Fiber to the home)
Fiber cable ကို သုံးစွဲသူရဲ့ work space ထိ အရောက် ဆက်သွယ်ထားတဲ့ စနစ်ဖြစ်ပါတယ်။ အချက်အလက် စီးဆင်းမှု အမြန်ဆုံး network လို့ ပြောရမှာ ဖြစ်ပါတယ်။ FTTH နဲ့ FTTB နှစ်ခု ကို ပူးတွဲပြီးပြောရင်တော့ FTTP (Fiber to the premises) လို့ ခေါ်ရမှာ ဖြစ်ပါသတဲ့။
ကျွန်တော်တို့စီမှာ မြန်နှုန်းမြင့် အင်တာနက်စနစ်(FTTx – x နေရာမှာ Condo လို့ပဲ ကန့်သတ်ထားတယ်လို့ FTTC လို့ပြောတာပဲ)ကို စမ်းသပ်သုံးစွဲခွင့် ပေးနေပြီ ဖြစ်ပါတယ်။ ဘယ်လောက်မြန်သလဲ ဆိုတာကိုတော့ မသုံးဘူးသေးလို့ မသိပါဘူး။ သုံးစွဲခွင့်ရဖို့ ရင်ခုန်မိပါတယ်။ installation fees, monthly fees, annual fees တွေက ဟိုယခင် ကာလများထက် သက်သာလာပြီ ဆိုသော်ငြားလည်း တစ်ဦးတစ်ယောက်ချင်း ၀ယ်သုံးနိုင်ဖို့ကတော့ မလွယ်သေးဘူးလို့ ထင်ပါတယ်။ ပြီးတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အိမ်ပိုင်၊ ယာပိုင် ရှိဦးမှ ဆိုလေတော့ ခေတ်မှီနည်းပညာ ဆိုတဲ့အတိုင်း အစစ ခေတ်မှီမှပဲ သုံးစွဲခွင့် ရမှာမို့ တစ်နေ့နေ့တော့ သုံးရမှာပေါ့လို့ပဲ မျှော်လင့်စောင့်စားရင်း . . .။
No comments:
Post a Comment