Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Monday, October 18, 2010

Gtalk ထဲမှာ Gmail မသုံးပဲ ပုန်းရအောင်

Gtalk မှာ Invisible ဖြစ်အောင် Gmail က လုပ်တာတော့ လူတိုင်းသိပြီးသားပါနော် ။ ပုန်းနေတဲ့လူ ရှာတာလည်း သိပြီးသား နေမှာပါ။ (အခု ပြောမယ့် နည်းနဲ့ လုပ်ရင် ပုန်းနေမှန်း ရှာလို့ မသိနိုင်ပါ )။ Gmail မပါပဲ Invisible လုပ်ကြရအောင် ..။ အားသာချက်ကတော့ သုံးကြည့်ရင် သိမှာပေါ့ဗျာ .. ။ Gmail ထဲက talk ရတာ ဘယ်လောက်ဒုက္ခ ရောက်လဲ ပုန်းနေကျ လူတွေ သိမှာပေါ့။ ဒီ Software လေးက ကြာပါပြီ ။ ။ အောက် က PSI ဆိုတာလေး Download ချလိုက်ပါဦး ။

psi-0.12-win-setup-1.exe


အဲဒါလေး Run လိုက်ရင်ပါ။ PSI က Connection လုပ်ဖို့ တစ်ခုခု ပေါ်လာရင် Cancel ပဲ ပေးလိုက်ပါ။ အောက်ပါအတိုင်း PSI အောက်ခြေက icon လေးကို နှိပ်ပြီး Account Setup ကိုဆက်နှိပ်လိုက်ပါ။

၁။ ပေါ်လာတဲ့ box မှာ Add ကိုနှိပ်ပါတယ်။

၂။ Name နေရာမှာ Google talk လို့ ဖြည့်လိုက်ပါတယ်။ Add ကိုနှိပ်ပါတယ်။

၃။ ID နဲ့ Password နေရာမှာ Gmail account တစ်ခု ကို ဖြည့်ပေးလိုက်ပါ။ ပြီးရင် Connection ဆိုတာကို ဆက်နှိပ်ပါ။

၎။ Manually ဆိုတာကို check ပေးပြီး Host မှာ talk.google.com လို့ ရေးလိုက်ပါ။ ပြီးရင် Save ။

၅။ ဖြည့်လိုက်တဲ့ nick ကို မြင်ရပါပြီ။ Google talk ဆိုတာကို click တစ်ချက်ပေးပြီး အောက်ခြေက Offline ပြနေတာလေးကို နှိပ်ပြီး Online လို့ပေးလိုက်ပါ။ Connection လုပ်နေတာ မြင်ရပါလိမ့်မယ်။

၆။ နစ် sign in ဖြစ်သွားပါပြီ။ (Gtalk ထက်ကို ပိုမြန်ပါတယ်) ပြီးရင်တော့ Google talk ဆိုတဲ့ နေရာကို R-Click လုပ်ပြီး XML console ကို နှိပ်ပါ။

၇။ ပေါ်လာတဲ့ box မှာ Enable ကို check ပေးပြီး XML Input ကို နှိပ်ပါတယ်။

၈။ ပေါ်လာတဲ့ box မှာ ဒါလေးကူးပြီး ထည့်ပေးလိုက်ပါ။
{{{

5


5

}}}

၉။ ဖြည့်ပြီးရင် Transmit ကိုနှိပ်ပေးပါ။

၁၀။ စာလုံး အနီတွေနဲ့ ပေါ်ပါတယ်။ ခဏ စောင့်ပေးလိုက်ပါ။

၁၁။ စာလုံး အ၀ါနဲ့ ပြလာပြီ ဆိုရင် Close ကို နှိပ်ပြီး ပိတ်လိုက်ပါ။

၁၂။ ပြီးရင်တော့ တစ်ခြား nick တစ်ခုကို Gtalk ဖွင့်ပြီး စမ်းကြည့်ပေါ့ဗျာ ..(ပြောခဲ့ ပြီးပြီနော် invisible စမ်းတဲ့ နည်းနဲ့ လည်း ပုန်းနေမှန်း မသိဘူး လို့ ။ စမ်းဖြစ်အောင် စမ်းလိုက်ဦးနော် .. ) ။ ဆက်ပြီးတော့ မြန်မာ Font ပေါ်အောင် Zawgyi ပြောင်းတာပါ ရေးပေးလိုက်ပါ့မယ်။ PSI ရဲ့ General ဆိုတာကို နှိပ်ပြီး Options ကို click ပါတယ်။

၁၃။ ပေါ်လာတဲ့ box မှာ Appearance ကို နှိပ်ပါ။ Font တွေကို Choose နှိပ်ပြီး Zawgyi one ပြောင်းပေးလိုက်ပါ။

၁၄။ မြန်မာ စာလုံးတွေ ပေါ်လာပါလိမ့်မယ်။ အားသာချက်ရှိသလို အားနည်းချက်တွေလည်း ရှိတာပေါ့ဗျာ ။

Gmail တစ်ခုတည်းတင်မက တစ်ခြားနေရာကလည်း Invisible လုပ်ပြီး chat လို့ရတယ် ဆိုတာ သိသွားရုံလေး ပြောပြတာပါ။ စမ်းသပ် အဆင်ပြေကြပါစေ။

No comments:

Post a Comment