Encrypt လုပ်တယ်ဆိုတာသင်နဲ့  သင်ဆက်သွယ်မယ့် လိပ်စာရှင်နှစ်ဦးသာသိတဲ့ စကားဝှက်အဖြစ်အီးမေလ်းစာသား
များကို ပြောင်းပစ်တာ ဖြစ်ပါတယ်။ Encrypt လုပ်တဲ့ နည်းအမျိုးမျိုးရှိပါတယ်...။အားလုံးဟာ.. သင်္ချာ algorithm ကို သုံးပြီးသင့်ရဲ့  အီးမေလ်းစာသားများကို အဓိပယ်ကင်းမဲ့တဲ့ကာရိုက်တာ အစဉ်အတန်းကြီး ဖြစ်သွားအောင် ပြောင်းပေးတာသာ ဖြစ်ပြီး တစ်ဖက်လူမှာ စကားဝှက် အမှန်ကို ဖော်ဖို့  code (သို့ ) key ရှိနေရပါမယ်။
ပထမတစ်နည်းက digital certificate ကိုသုံးတာ ဖြစ်ပါတယ်။အီးမေလ်းပရိုဂရမ်တစ်ချို့ ရဲ့  setting ထဲမှာ ပြောင်းနိုင်ဖို့  bulitin encryption များထည့်သွင်းပေးထားတတ်ပါတယ်..။။မိမိတို့သုံးတဲ့ အီးမေလ်း application တွေမှာ ပါမလာရင် A-lock လိုပရိုဂရမ်မျိုးကို အခမဲ့ download ဆွဲယူပြီး အသုံးပြုနိုင်ပါတယ်။ (A-lock ကို www.pc-encrypt.com မှာ ရယူပါ) ။ A-lock ကို download ရယူပြီးတဲ့ အခါမှာ သင့်ရဲ့ အီးမေလ်းကိုencrypt လုပ်ပြီး password ကို သိတဲ့ သူသာ သင့်အီးမေလ်း စာသားအမှန်ကိုမြင်တွေ့  နိုင်မှာ ဖြစ်ပါတယ်။
ဒီ့ထက်ပို ပြီး လုံ ခြုံချင်ရင် PGP(Pretty Good Privacy ) လို့  ခေါ်တဲ့ စကားဝှက်စနစ်တွေရှိပါတယ်.။
သာမန်အားဖြင့်ဒီအဆင့်ထိသုံးဖို့  မလို အပ်ပေမယ့် ဗဟုသုတ အနေနဲ့  လေ့လာချင်ရင်တော့ အောက်ပါ ၀က်ဘ်ဆိုဒ်များကို
ဝင်ကြည့်ပါ...။။
International PGP Home Page
www.pgpi.org
Tuesday, October 19, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment