Zip ဖိုင်ဆိုရင် အများအားဖြင့် ဖိုင်တွေကို Compress လုပ်ထားတာလို့ပဲ အသိများကြပါတယ်။ Zip လုပ်ခြင်းကြောင့် တခြား အသုံးတည့်တဲ့ နေရာလေးတစ်ခုလည်း ရှိပါသေးတယ်။
ဆိုပါစို့။ အင်တာနက်သုံးတယ်။ ကြိုက်တဲ့ Web Page လေးတွေကို Folder တစ်ခုအောက်မှာ Save လုပ်ထားတယ် ဆိုပါစို့။ Web Page တွေ တော်တော်များများပေါ့။ အဲဒီ Web Page တွေပါတဲ့ Folder ကြီးကို Memory Stick ထဲ ထည့်ကြည့်လိုက်ပါ။ ပျင်းနေအောင် ထိုင်စောင့်ရပါလိမ့်မယ်။ Memory Stick တွေကိုက ဘာကြောင့်မှန်းမသိပေမဲ့ File သေးသေးလေးတွေ အများကြီး ထည့်တဲ့အခါ အချိန်အရမ်း ကြာပါတယ်။ အဲဒီတော့ အဲဒီ Web Page တွေပါတဲ့ Folder ကို ဒီအတိုင်း Stick ထဲကို ကော်ပီကူးမထည့်ဘဲ Zip လုပ်လိုက်ပါ။ ပြီးမှ အဲဒီ Zip ဖိုင်ကို Stick ထဲထည့်ပါ။ ခဏလေးအတွင်းမှာ ပြီးသွားပါလိမ့်မယ်။
Web Page တွေတင်မကပါဘူး။ File Size သေးတာလေးတွေကို Stick ထဲ ထည့်မယ်ကြံတိုင်း Zip လုပ်ပြီး ထည့်နိုင်ပါတယ်။
Thursday, September 16, 2010
Subscribe to:
Post Comments (Atom)
 




 RSS Feed (xml)
 RSS Feed (xml)
 




No comments:
Post a Comment