Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Sunday, September 12, 2010

Run Box ကနေ Shortcut တွေကိုဘယ်လိုသုံးမလဲ

ကွန်ပျူတာကို စိတ်ဝင်တစား စတင်သုံးမဲ့သူတွေ ကွန်ပျူတာရဲ့  ဆော့ဖ်ဝဲလ်တွေကို ကလစ်တချက်ပီးတစ်ချက်နှိပ်သွားရမဲ့ အစား Run Box ကနေ တဆင့်သွားပီး ဆော့ဖ်ဝဲတွေကို အလွယ်တကူ အလျင်အမြန်ဖွင့်ပြီး သုံးနိုင်ဖို့ အတွက် ။ ပထမဦးဆုံး ကီးဘုတ်ရဲ့ ဘယ်ဘက်ထောင့် အောက်ဆုံးသုံးခုမြောက် က Window Key နဲ့  R Key ကိုပြိုင်တူတွဲနှိပ်လိုက်ရင် Run Box ပေါ်လာပီပေါ့။
၁။ အချိန်တွေရက်စွဲတွေပြင်ချင်ရင် timedate.cpl ဆိုပီးရိုက်ပါ။ OK ကို ကလစ်နှိပ်ပါ။
၂။ Contorol Pannel ကိုသွားပီး Program ပြင်မယ်ဆိုရင် control လို့ ရိုက်ပါ။
၃။ စာရိုက်ချင်ရင်တော့ Program ၄ မျိုးလောက်ကို run ကနေခေါ်လို့ ရပါတယ်။
- Wordpad နဲ့  စာရိုက်ချင်ရင် wordpad လို့ ရိုက်ပီးခေါ်ပါ။
- Microsoft Office Word မှာစာရိုက်ချင်ရင် winword
- Pagemaker နဲ့ ရိုက်ချင်ရင် pm70 လို့ ရိုက်ပီးခေါ်နိုင်ပါတယ်။
၎။ စာရင်ဇယားတွေသုံးဖို့  Micrososft Office Excel ကိုသွားချင်ရင် excel
၅။ အပေါင်းအနုတ် အမြှောက်အစားတွေလိုလာလို့ ဂဏန်းပေါင်းစက်သုံးချင်ရင် calc လို့ ရိုက်ပါ။
၆။ Microsoft Power Point သုံးချင်ရင် powerpnt
၇။ Adobe Photoshop သွားချင်ရင် photoshop
၈။ Command Box သွားချင်ရင် cmd
၉။ စာရိုက်နေရင်း ဖေါင့်ပျောက်လို့ ရှာချင်ရင် charmap
၁၀။ Hard Disk drive ကိုသန့် ရှင်းဖို့ ဆိုရင် cleanmgr
၁၁။ မလိုအပ်တဲ့ ဖိုင်တွေနဲ့ space အလွတ်တွေကြောင့် ကွန်ပျူတာနှေးတာကို ပိုမြန်သွားဖို့  ဖိုင်တွေပြန်စီမယ်ဆိုရင် dfrg.msc ကိုရိုက်ထည့့် OK လုပ်လိုက်ပါ။ဒါပေမယ့် Program တွေပြန်စီဖို Defragment ကို run နေတဲ့ အချိန်မှာ program အားလုံးပိတ်ပီး ကွန်ပျူတာကို ဘာမှမသုံးပဲ ထားဖို့ တော့လိုပါတယ်။ run ချိန်တော့ နည်းနည်းကြာပါလိမ့်မယ်။ စောင့်ပေါ့။
၁၂။ Hard Disk Drive ကို manage လုပ်ချင်ရင်တော့ diskmgmt.msc လို့ ရိုက်ပါ။
၁၃။ မိမိ ကွန်ပျူတာက Setting တွေကိုပြန်ပြင်ဖို့ နဲ့ ဖိုင်တွေကို Restore ပြန်လုပ်နိုင်ဖို့  Backup or Restore Wizard ကိုသုံးချင်ရင် ntbackup ရိုက်ပါ။
၁၄။ ကွန်ပျူတာကနေ အသံဖမ်းဖို့  Sound Recorder သုံးချင်ရင် sndre32 လို့ ရိုက်ပါ။
၁၅။ Add or Remove Program ကိုဖွင့်ချင်ရင် appwiz.cpl ရိုက်ပါ။
၁၆။ Device Manager ကိုဖွင့်ချင်ရင် devmgmt.msc
၁၇။ ကိုယ်လတ်တလောဖွင့်ထားခဲ့တဲ့ဖိုင်တွေကို အလွယ်တကူပြန်ရှာဖို My Recent Document ကိုခေါ်ချင်ရင် recent လို့ ရိုက်ပါ။
၁၈။ Temporary file တွေကိုဖျက်မယ်ဆိုရင် temp လို့ ရိုက်။
၁၉။ %temp% နဲ့  prefetch ၊ cookies တို့ ကိုလည်း အလားတူခေါ်ပီး ဖျက်သင့်ပါတယ်။ အဲဒီဖိုင်တွေ မဖျက်ပဲထားရင် ကွန်ပျူတာစက်လေးပီး နေရာပုပ်ပါတယ်။ တပတ် တခါလောက်ဖျက်ပေးပါ။
၂၀။ ကျေးဇူးတင်ပါတယ်။



No comments:

Post a Comment