Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Thursday, September 30, 2010

Protocol များအကြောင်း

website လိပ်စာတစ်ခုကို ကြည့်မယ်ဆိုရင် ဥပမာ - http://www.google.com အဲဒီလိပ်စာမှာ ရှေ့က http ဆိုတာက hyper text rtansfer protocol ရဲ့ အတိုကောက်ဖြစ်ပါတယ် ။ protocol ဆိုတာက a set of rules and formats လို့ပြောကြပါတယ် ။ စည်းမျဉ်း စည်းကမ်းတွေကို စုစည်းထားခြင်းလို့ပြောနိုင်ပါတယ် ။

ဘယ်လို စည်းမျဉ်းစည်းကမ်းတွေလည်း ဆိုရင်တော့ data အပို့အယူလုပ်တဲ့အခါမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောတာပါ ။

protocol ပေါင်းမြောက်မြားစွာရှိပါတယ် ။ အင်တာနက် website တွေကိုကြည့်တဲ့အခါမှာသုံးရတဲ့ protocol က http ပါ။ hyper text transfer protocol ဆိုတော့ hyper text များပြောင်းရွေ့သယ်ယူရာတွင် သုံးရသော protocol ပေါ့။ hyper text ဆိုတာက ရိုးရိုး text တွေမဟုတ်ဘဲ link ပါတဲ့စာသားတွေကို hyper text လို့ခေါ်ပါတယ် ။ အားလုံးသိတဲ့အတိုင်း webpage တိုင်း webpage တိုင်းမှာ link ပါတဲ့ text တွေရှိတာပဲမဟုတ်လား။

http ပြီးတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ protocol ကတော့ https ပါ။ https ရဲ့အရှည်က hyper text transfer protocol over secure socket layer (ssl) ပဲဖြစ်ပါတယ် ။ ssl ပါတဲ့ http ပါ ။ ssl က ဘာလုပ်ပေးနိုင်သလဲဆိုတော့ encryption/decryption လုပ်ပေးနိုင်ပါတယ်။ encrypt လုပ်တယ်ဆိုတာက မြန်မာလိုပြောရင် ၀ှက်စာလုပ်တာပေါ့ ။ ဥပမာ ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို abc ဆိုတဲ့စာသားလေးကိုပို့မယ်ဆိုပါစို့။ ဒီအတိုင်းရိုးရိုးတန်းတန်းပို့မယ်ဆိုရင် ကွန်ပျုတာ A ကနေ ကွန်ပျုတာ B ဆီကို မရောက်ခင်ကြားမှာ တတ်တဲ့သူတစ်ယောက်က ခိုးယူလို့ရပါတယ်။ encrypt လုပ်ပြီးပို့မယ်ဆိုရင် ခိုးယူ၍ရခဲ့ရင်တောင်မှ ဖက်လို့ရမှာမဟုတ်တော့ပါဘူး။ abc လို့တိုက်ရိုက်မပို့ပဲ abc ဆိုတဲ့စာလုံးသုံးလုံးကြားမှာ 123 ထည့်ပြီး ပို့မယ်၊ ဒါဆိုရင်a1b2c3ဖြစ်သွားပြီ။ ပြီးတော့မှ ကွန်ပျုတာ B ကို မင်းငါပို့တဲ့ data ရတဲ့အခါမှာ 123 ကိုဖယ်ပြီးမှ လက်ခံလို့ပြောထားလိုက်မယ်။ ကြားကနေဖောက်တဲ့သူကတော့ a1b2c3 ဆိုတာကို နားလည်မှာ မဟုတ်တော့ဘူး။ ဒါက ဥပမာ အနေနဲ့ပြောတာပါ ။ တကယ်တမ်း encrypt လုပ်နည်းများစွာရှိပြီး အဲဒီ encrypt ကိုပြန်လည်ဖြည်ခြင်း decrypt လုပ်ဖို့ရာ အတော်ခက်ခဲပါတယ်။

https protocol ကို login လုပ်ရတဲ့ website တွေမှာ အသုံးများပါတယ်။ user တွေ ရိုက်ထည့်တဲ့ login name နဲ့ password တွေ လုံခြုံမှုရှိစေဖို့ ဖြစ်ပါတယ်။ Gmail ဟာ https ကိုသုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရိုက်ထည့်လိုက်တဲ့ username နဲ့ password ကို ကြားကနေ ခိုးယူလို့မရနိုင်ပါဘူး။

နောက် Internet မှာ အသုံးများတဲ့ protocol ကတော့ ftp ပါပဲ။ file transfer protocol ဖြစ်ပါတယ်။ ဖိုင်တွေ ရွေ့ပြောင်းလို့ရအောင် အထူးတလည် တီထွင်ထားတဲ့ protocol ပါ။ website တိုင်းကို ftp နဲ့ access လုပ်လို့ရပါတယ်။ ftp://www.google.com ပေါ့။ ဒါပေမယ့် အဲဒီ ftp ကိုသုံးတဲ့အခါမှာ authorized person မှကြည့်လို့ရပါလိမ့်မယ်။ free ဖွင့်ပေးထားတဲ့ ftp site တွေလည်း ရှိပါတယ်။ ftp နဲ့ site တွေကို ကြည့်တဲ့အခါမှာ စာတွေပုံတွေကိုမြင်ရမှာမဟုတ်ဘဲ PC မှာ My Computer ကိုဖွင့်လိုက်သလိုမျိုး file တွေ folder တွေကိုပဲမြင်ရမှာပါ။

No comments:

Post a Comment